What is IMAT?

IMAT (International Medical Admission Test) is an Admission Test taken by students who have the desire to study medicine and surgery or Dentistry in Italy. The Informations regarding the IMAT is described below. For an enquiry, you can contact me through the contact section.

  • What is IMAT?

    IMAT is held once every year in September (October in 2023). There are usually around ten thousands candidates each year and around 9000 of them get an Admission. The admitted candidates can attend Medicine and Surgery course in English in Italy. It takes 6 years to complete med school in Italy and after completing, a master-equivalent degree can be obtained.

    The Test is in English language. Unlike other tests, the candidates do not have to apply for Universities after taking the IMAT. They have to apply for the University before taking the test.

    What are the requirements to take the IMAT?

    The test fees is about 130 EUROs. Moreover, to attend University in Italy, 12 years of education is required. Regarding the old Myanmar Matriculation system, there are total of only 11 years. Therefore the candidates with IMAT



  • IMAT Exam Structure

    Multiple Choice မေးခွန်းအပုဒ် ၆၀ ပါဝင်ပြီး အချိန် မိနစ် ၁၀၀ အတွင်းမှာဖြေရတာပါ။ တစ်ပုဒ်ကို အဖြေမှန်ရင် ၁.၅ မှတ်ရပြီးတော့ မှားခဲ့ရင်တော့ ၀.၄မှတ်နှုတ်ပါတယ်။ အဲ့တာကြောင့်မသေချာတဲ့အပုဒ်ဆိုမဖြေတာကောင်းပါတယ်။ အမှတ်ပြည့်ကတော့ ၉၀ မှတ်ဖြစ်ပြီး အခုအချိန်ထိအများဆုံးစံချိန်တင်ထားတာတော့ ၈၇ မှတ်ဖြစ်ပါတယ်။

    ပုံမှန်ဆို EU student တစ်ယောက်အနေနဲ့ဆိုရင်တော့ အမှတ် ၄၀ ကျော်ရထားရင် စိတ်ချရပါတယ် ဆေးကျောင်းဝင်ဖို့အတွက်။ ဒါပေမယ့် ၂၀၂၄ မေးခွန်းပုံစံမျိုးနဲ့ဆိုရင်တော့ မေးခွန်းလွယ်ပြီးဖြေနိုင်တဲ့သူများတဲ့အတွက်ကြောင့်အမှတ် ၆၀ ဝန်းကျင်‌လောက်ရမှအဆင်ပြေမှာပါ။ Non-EU student တွေဆိုရင်တော့ ပုံမှန်ဆို အမှတ် ၅၀ ကျော် ၆၀ ဝန်းကျင်လောက်ရမှ အဆင်ပြေမှာပါ။

    မေးခွန်းကို အပိုင်း ၅ ပိုင်းခွဲထားပါတယ်။

    Section 1 ကတော့ General Knowledge နဲ့ Logical Reasoning ဖြစ်ပါတယ်။ ၄ ပုဒ်ပါပြီးတော့ general Knowledge ၂ ပုဒ်ရယ် logical reasoning သုံးရတဲ့ reading comprehension ၂ ပုဒ်ရယ် ပါဝင်ပါတယ်။ Section 1 မှာစုစုပေါင်း ၆မှတ်ပေးထားပါတယ်။

    Section 2 ကတော့ Problem Solving ဖြစ်ပါတယ်။ ၅ ပုဒ်ပါပြီး Critical Thinking သုံးရပြီး တော်တော်ခက်ခက်ခဲခဲစဥ်းစားရတဲ့ ပုစ္ဆာမျိုးတွေမေးတတ်ပါတယ်။ ဒီအပိုင်းကိုဖြေနိုင်ဖို့အတွက်ဆို သချ်ာပါကျွမ်းကျင်ပြီး critical thinking skill ကောင်းကောင်းရှိမှရမှာပါ။ Section 2 မှာတော့ စုစုပေါင်း ၇.၅ မှတ်ပေးထားပါတယ်။

    Section 3 ကတော့ Biology ပါ။ ၂၃ ပုဒ် ပါဝင်ပြီး basic cell biology ကအစ basic human physiology နဲ့ metabolism တွေအထိပါမေးပါတယ်။ စုစုပေါင်း ၃၄.၅ မှတ်တောင်ပေးထားပါတယ် ဒီ biology section အတွက်။ အဲ့တာကြောင့် များသောအားဖြင့် Bio ကိုအဓိကလုပ်ကြတာများပါတယ်။

    Section 4 ကတော့ Chemistry ပါ။ ၁၅ ပုဒ်ပါဝင်ပြီး မြန်မာ စနစ်ဟောင်း ၁၀ တန်းသချ်ာနဲ့တောင် နည်းနည်းဆင်ပါတယ်။ ခေါင်းစဥ်တွေဆင်တာရှိပေမယ့် ကြည့်ရမှာကတော့ ပိုကျယ်ပြန့်ပါတယ်။ စုစုပေါင်း ၂၂.၅ မှတ်ပေးထားပါတယ်။ Biology နဲံ Chemistry ကိုကောင်းကောင်းဖြေနိုင်ရင်တောင် ၅၇မှတ်ရနေပါပြီ။

    နောက်ဆုံး Section 5 ကတော့ Physics and Mathematics ပါ။ Physics နဲ့ သချ်ာ ၂ခုပေါင်းကို ၁၃ ပုဒ်မေးထားပါတယ်။ ဒီ Section မှာ ၁၉.၅ မှတ်ပေးထားပါတယ်။
    Science Subject 4 ခုကောင်းကောင်းဖြေနိုင်ရင်တောင် အမှတ် ၆၀ကျော် အသာ‌လေးရနေပါပြီ။ ဒါပေမယ့်စာတော့သေချာပိုင်နိုင်နေမှရမှာပါ။

    Syllabus

    မပြီးသေး

  • Foundation Year

    အကယ်၍ အထက်တန်းပညာရေးကစုစုပေါင်း ၁၁ တန်းပဲရှိနေတာဖြစ်ဖြစ် (စနစ်‌ဟောင်း ၁၀တန်းအောင်) ဒါမှမဟုတ် တက္ကသိုလ်တက်ထားရဲ့သားနဲ့ တက္ကသိုလ်က transcript မထုတ်ပေးလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် EU-student ဖြစ်ချင်တာဖြစ်ဖြစ် ဆိုရင် ဒီမှာ foundation year program ကိုလာတက်လို့ရပါတယ်။

    Foundation Year Program က bachelor degree ထက်စာရင်တော့စျေးပိုကြီးပါတယ်။ ပျမ်းမျှ ယူရို ၅၀၀၀ လောက်ပေးရပါတယ်။ Foundation Year Program က September မှာစဖွင့်ပြီး June မှာပြီးပါတယ်။ Foundation Year Program ကို Pavia, Parma, Tor Vergata, Venice, Sapienza, Pisa တက္ကသိုလ်တွေမှာတက်လို့ရပါတယ်။

    Foundation Year မှာ Italian Language ကို B2 ထိနဲ့ Social Science or Natural Science တစ်ခုခုသင်ရပါတယ်။ Natural Science ကတော့ Biology, Chemistry, Physics, Maths တွေသင်ရပြီး Social Science ကတော့ Economics, Law စတဲ့ဘာသာရပ်တွေသင်ရပါတယ်။ ဆေးကျောင်းတက်မှာ ဆိုရင်တော့ Natural Science ပဲ‌ရွေးသင့်ပါတယ်။ ဒါပေမယ့် ကျောင်းကစာသင်တာကိုတော့ဘာမှသွားအားကိုးလို့မရပါဘူး။

    ကျွန်တော်တို့ကတော့ Pavia မှာ foundation တက်ခဲ့တာပါ။ Foundation Year တက်တာရဲ့ကောင်းကျိုးကတော့ EU-student ဖြစ်တာတစ်ခုပဲရှိပါတယ်။ Personal Experience အရတော့ စာသင်တာလည်းတော်တော်အခြေအနေဆိုးတဲ့အပြင် course လည်းပြီးပြတ်အောင်မသင်ပါဘူး။ သူတို့ advertise ထားတဲ့ IMAT တွေ TOLC တွေအတွက် cover ဖြစ်တယ်ဆိုတာတခြားစီပါပဲ။ Foundation Year အကြောင်းအသေးစိတ်ကိုတော့ ဒီမှာ ဖော်ပြထားပေးပါတယ်။

    အနှစ်ချုပ်အနေနဲ့ကတော့ EU student ဖြစ်ချင်ရင် Foundation Year တစ်နှစ်အရင်လာတက်လိုက်လို့ရပါတယ်။

  • မပြီးသေး

  • Registration

    EU ပြင်ပ IMAT ဖြေဖို့ဆိုအရင်ဆုံး pre-enrollment လုပ်ရပါတယ်။ Pre-enrollment လိုမလိုနဲ့ deadline တွေကိုတော့ ကိုယ်လျှောက် မယ့်ကျောင်းတွေရဲ့ website ထဲမှာဝင်ကြည့်လို့ရပါတယ်။ ပြီးရင်တော့ exam Registration လုပ်ရပါတယ်။ Registration က စက်တင်ဘာ လအစမှာ ဖွင့်တတ်ပါတယ်။ EU student တွေကတော့ ကိစ္စမရှိပေမယ့် Non-EU student တွေဆိုရင်တော့ test center တွေနေရာမပြည့်ခင် အမြန် register လုပ်နိုင်မှရမှာပါ။ မြန်မာနိုင်ငံနဲ့ နီးနီးနားနား test centerတွေဆိုရင်တော့ ဟောင်ကောင်/ ဒူဘိုင်း စတဲ့နေရာတွေမှာရှိပါတယ်။