IMAT ဆိုတာဘာလဲ?

IMAT (International Medical Admission Test) ဆိုတာကတော့ အီတလီနိုင်ငံမှာ အဂ်လိပ်ဘာသာနဲ့သင်တဲ့ public ဆေးကျောင်းဖြစ်ဖြစ် private ဆေးကျောင်းဖြစ်ဖြစ် တက်ချင်ရင်ဖြေရတဲ့စာမေးပွဲဖြစ်ပါတယ်။ စာမေးပွဲနဲ့ပက်သက်တဲ့အသေးစိတ်ကိုတော့ အောက်မှာအပြည့်အစုံဖော်ပြပေးထားပါတယ်။ သိချင်တာစုံစမ်းချင်တာရှိရင် Contact ကနေတစ်ဆင့်ဆက်သွယ်လို့ရပါတယ်ဗျ။
Content တွေအကုန်မရေးရသေးတဲ့အတွက်ကြောင့် information မစုံတာရှိရင်နားလည်ပေးပါဗျ။

IMAT

IMAT ဆိုတာကတော့ အီတလီမှာဆေးကျောင်းတက်ချင်သူတိုင်း ဖြေကိုဖြေရတဲ့ ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်ပါတယ်။ IMAT ကနေတစ်ဆင့်ပဲ ဆေးကျောင်းတက်လို့ရပါတယ်။ တစ်နှစ်ကို ဖြေဆိုသူ ၁သောင်းဝန်းကျင်ခန့်ရှိပြီး ဝင်ခွင့်ရသူ ၉၀၀ ဝန်းကျင်ရှိပါတယ်။

IMAT Exam Structure

IMAT exam ကတော့ paper-base ဖြေရတာဖြစ်ပြီး အချိန်မိနစ်၁၀၀ အတွင်းမှာ multiple choice မေးခွန်း အပုဒ် ၆၀ကိုဖြေရတာဖြစ်ပါတယ်။
အမှတ်ပေးစနစ်ကတော့ တစ်ပုဒ်မှန်ရင် 1.5 မှတ်ရတာဖြစ်ပြီး တစ်ပုဒ်မှားရင်တော့ 0.4 လျှော့ ခံရပါတယ်။ Minus System ဖြစ်တာကြောင့်မသေချာတဲ့အပုဒ်ဆိုရင်တော့မဖြေသင့်ပါဘူး။ Total Maximum score က 90 ဖြစ်ပြီး အမြင့်ဆုံးရဖူးတဲ့အမှတ်ကတော့ ၂၀၂၄ ခုနှစ်IMAT မှာ 87/90 ဖြစ်ပါတယ်။

Question Format

IMAT ကို Section 5 ခုခွဲထားပါတယ်။

Section 1 - General Knowledge and Logical Reasoning : မေးခွန်း ၄ပုဒ်ပါဝင်ပြီး General knowledge နဲ့ Logical Reasoning ကိုအဓိကထားမေးထားပါတယ်။ TOTAL MARK FOR THIS SECTION - 6

Section 2 - Problem Solving : မေးခွန်း ၅ ပုဒ်ပါဝင်ပြီး Critical Thinking နဲ့ Problem Solving Questions တွေအမေးများပါတယ်။ TOTAL SCORE FOR THIS SECTION - 7.5

Section 3 - Biology : မေးခွန်း ၂၃ ပုဒ်ပါဝင်ပြီး Cell biology ကစလို့ human physiology အထိအကုန်မေးပါတယ်။ ဒီနှစ် ၂၀၂၄ မေးခွန်းမှာတော့ human physiology တစ်ပုဒ်မှမမေးသွားပါဘူး။ Biology Section ကတော့အမှတ်အဓိကယူသင့်တဲ့ section ဖြစ်ပါတယ်။ TOTAL SCORE FOR THIS SECTION - 34.5

Section 4 - Chemistry : မေးခွန်း ၁၅ ပုဒ်ပါဝင်ပြီး Stoichiometry, Chemical Kinetics, Redox စတဲ့ခေါင်းစဥ်တွေမေးပါတယ်။ IMAT ရဲ့ အသေးစိတ် Syllabus ကိုတော့နောက်ပိုင်းမှာဖော်ပြထားပါတယ်။ TOTAL SCORE FOR THIS SECTION - 22.5

Section 5 - Physics and Mathematics : မေးခွန်း ၁၃ ပုဒ်ပါဝင်ပြီး တစ်ချို့နှစ်တွေခက်သလို တစ်ချို့နှစ် တွေဆိုရင်လည်းတော်တော်လွယ်ပါတယ်။ TOTAL SCORE FOR THIS SECTION - 19.5

Biology section ကအမှတ်အများဆုံးနဲ့ တွက်စရာမပါပဲ စဥ်းစားရအလွယ်ဆုံးဖြစ်လို့ Biology ကိုအရင်စဖြေတာပိုကောင်းပါတယ်။ Section 1 နဲ့ 2 ကတော့ Milan လို အမှတ်မြင့်တဲ့ကျောင်းတွေဝင်ဖို့ဆိုရင်တော့ section 3,4,5 မှာ competitive ဖြစ်တဲ့ အတွက်ကြောင့် အချိန်သတ်သတ်ဖယ်ထားပြီးဖြေသင့်ပါတယ်။

IMAT SYLLABUS

Biology

Living Organisms, Biomolecules, Cell Biology, Mendelian Genetics, Cell Cycle, DNA replication, transcription and Protein synthesis, DNA technology, Basic Histology, Metabolism of plants and animals,
Systems such as Digestive, Respiratory, Cardiovascular, Immune, Endocrine, Musculoskeletal, Excretory, Reproductive systems, Ecolog and Evolution.

Chemistry

Structure of Atom, Periodic Table, Bonds, State of Elements, Stoichiometry, Redox Reactions, Electrochemistry, Chemical Kinetics and Equillibrium, Thermodynamics, Acids, Bases and their reactions, Organic Chemistry, Colligative Properties.

Physics

Maths

General Knowledge, Logical Reasoning and Problem Solving

General knowledge ကတော့ man of culture ဆိုဖြေနိုင်ဖို့ chance များပါလိမ့်မယ်။ Art အကြောင်း ကစလို့ နိုင်ငံရေး၊ ပထဝီ၊ သမိုင်း စတဲ့နယ်ပယ်အကုန်မေးတတ်ပါတယ်။

Logical Reasoning နဲ့ Problem Solving ကကိုယ့်ရဲ့ပင်ကိုယ် IQ နဲ့သက်ဆိုင် တဲ့အတွက်ကြောင့် စာကြည့်စရာမရှိပေမယ့် exercise တွေများများလေ့ကျင့်တာပိုကောင်းပါတယ်။